26 April 2013

နင် ယုံကြည်ပေးဖို့

ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …

ချစ်သူ တကယ် ချစ် မချစ်
အချစ်က စစ် မစစ်
အတိတ် အနာဂတ်
ပန်းတိုင် ဖူးစာ
ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့
သတ္တိ တွေ မရံဝံ့ ခဲ့ ပြန်ဘုး…

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြူပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…

ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

25 April 2013

Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်

ကျွန်တော် ဟိုတစ်နေ့ပဲ Window admin password ကို ဖောက်တာ ပြပေးပါပြီ ။ ဒါပေမယ့် အဲဒါက Admin တစ်ခုပဲရပါတယ် ။ ကျန်တဲ့ User တွေကိုတော့ မရပါဘူး ။ ဒါကြောင့် ကျန်တဲ့အကောင့်တွေကိုလည်း ဖောက်တတ်အောင် တင်ပေးလိုက်ပါတယ် ။ ကျန်တဲ့နည်းတွေနဲ့ ဖောက်တာလည်း ရှိပါတယ် ။ အဆင့်တွေ ရှုပ်ထွေးတာမို့ ။ သာမန်ကွန်ပျူတာသုံးတွေ နားလည်းမလည်သလို လုပ်လည်း မတတ်ပါဘူး ။ တော်ကြာနည်းပညာကို လေ့လာလိုတဲ့ စိတ်တွေ ပျောက်သွားမှာ စိုးရပါသေးတယ် ။ ဒါကြောင့် ကလေးက အစ လုပ်လို့တတ်အောင် ဖောက်လို့တတ်အောင် နားလည်အောင် ကျွန်တော် အတတ်နိုင်ဆုံး ရေးပေးပါမယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေအတွက် ကျွန်တော် အာမခံပါတယ် ။ တစ်ခုခုအဆင်မပြေရင်ပြောပါ ။ ကျွန်တော် အဖြေရှာပေးပါမယ် ။ ပိုစ့်တိုင်း နိဒါန်းချီနေကျမို့ ချီနေလိုက်တာ စာကိုယ်က မရောက်သေးဘူး :)

ပထမဆုံးအနေနဲ့ သင်မှာ USB stick ရှိရပါမယ် ။ ကျွန်တော်တော့ AD မှာ 8GB ကို ဘတ် 350 နဲ့ ဝယ်ထားပါတယ် ။ ဈေးတော်နေပါပြီ ။
 ဒီနေရာကနေ ဆောပ်ဝဲလ်တစ်ခုကို ဒေါင်းလိုက်ပါ ။ ဆိုဒ်လည်း ဘယ်လောက်မှမရှိပါဘူး ။ 157 K ပဲ ရှိပါတယ် ။
ပြီးရင်တော့ ဖွင့်လိုက်ပါ ။ ဒေါင်းထားတဲ့ ဖိုင်ကို ။ ပါတဲ့ဖိုင်တွေက အောက်ပါ အတိုင်းတွေ့ရပါလိမ့်မယ် ....
KON USB boot
KonBootInstall.exe ကို နှစ်ချက်ဆက်တိုက် နိပ်လိုက်ပါ ။ ပြီးတာနဲ့ cmd command box ပွင့်လာလိမ့်မယ်
အဲမှာ ဆောပ်ဝဲလ်ကို အင်စတော လုပ်ထည့်မယ့် နေရာကို ရွေးပေးရပါမယ် ။ သင့် usb stick က F လား G လား ။ ဒါကို နားမလည်ရင် စတစ်ကို ကွန်ပျူတာမှာ ထိုးပြီးတာနဲ့ my computer ကို ဖွင့်လိုက်ပါ ။ တွေ့ရလိမ့်မယ် ။ ကျွန်တော့် စတစ်တော့ f ပါ ။ ဆိုတော့ ခု cmd box မှာ f လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါတယ် ။ Install ပြီးရင်ကြောင့်ပေါ်ပြီး တစ်ခုခုထပ်နိပ်လိုက်တာနဲ့ cmd box က ပိတ်သွားပါလိမ့်မယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcZfLyRwVJmHoly71gf8PH4BM54Sys3yRPJJ-Agcqy1qN3g6tEQINVwt2Y2iYTQZirKxIOnfRyqQKcFhEkzd9ODtns52jd6M_vEa8fKFp5PHC0HNkIJauqljibYo4c1vAJEVLyO5pBcGpO/s1600/Konusb.JPG
ကဲ ခု စစမ်းဖို့အချိန်ကျပြီဗျာ ။ သင့် ကွန်ပျူတာကို Restart ချလိုက်ပါ ။ မချခင်လေး လုပ်စရာရှိတာ လုပ်သွား တော်ကြာစိတ်ကောက်လို့ အောက်မှာလည်း မန့်ထည့်မသွားနဲ့ ဦး :D
ကဲဗျာ ခု သင့်ကွန်ပျူတာ Restart ချနေပြီ ဆိုပါတော့ .....
F9 ကီးကိုသာ နိပ်ထားပေတော့  .....
ပြီးရင်တော့ အဲဒီမှာ သင်ထိုးတဲ့ usb တွေပေါ်လိမ့်မယ် ။ စောနက အင်စတော လုပ်ထားတဲ့ ကောင်ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
ကဲ ခဏစောင့်ပြီးတော့ Enter ထပ်ခေါက်လိုက်ပါ ။
ဟောာာာာာာာာာာာ ပွင့်သွားပြီ ဖောက်လိုက်တာ ပွင့်သွားပြီ ။
ဒီလောက်ဆို နည်းလည်လောက်ပြီ ထင်ပါတယ် ။ နားမလည်သေရင်းရင်လည်း ဒီနေရာမှာ ဗီဒီယိုဖိုင်နဲ့ရှင်းထားတာကို ထပ်ကြည့်လိုက်ပါဗျာ ။ အဆင်ပြေပါစေလို့
ခွန်မောင်ပန် http://decembermgmg1992.blogspot.com/

Portail Poofessional (မျက်နှာပြုပြင်တဲ့ ဆော့ဝဲလ်)လေးပေါ့

 
ဒီဆော့ဝဲလ်  လေးကတော့  အလှဓါတ်ပုံ  ပြုပြင်တဲ့  ဟာလေးပါ....  မျကိနှာမှာရှိတဲ့ 
ဝက်ခြံ
အမာရွက်  အမဲစက်  စတာတွေကို ဖျောက်ပေးတယ်  သုံးရတာလည်း  ဘာမှ 
မခက်ပါဘူး......စမ်းသုံးကြည့် ပေါ့    ဆော့ဝဲလ်ကိုတော့   
ဒီနေရာမှာ
   သွားယူလိုက်ပါ...  အော်  ဗီရှင်းအပြည့်တော့  မဟုတ်ဘူးနော်..... 
ကျန်မာချမ်းသာနိုင်ကြပါစေ..လို့  
ဆုတောင်းပေးလိုက်ပါတယ်......

!! Mozilla Firefox ကို မြန်စေတဲ့ဆော့ပ်ဝဲလ်လေးပါ !!

ဒီဆော့ပ်ဝဲလ်လေးကတော့ Mozilla Firefox သုံးတဲ့သူတွေအတွက် အမြန်ပွင့်စေတဲ့နည်းပါ။

အရင်တင်ဖူးပါတယ် လင့်သေနေတာ ပြန်ရှာရ မလွယ်ကူပဲလို့ ထပ်တင်လိုက်ပါတယ်။

အင်တာနက်က နှေးနေနေတာဆိုရင်တော့ မြင့်နေလည်း အလကားပဲ ။

ဒါပေမယ့်လဲမြှင့်ပေးထားတော့ မမြှင့်တာနဲ့ စာရင်တော်သေးတာပေါ့ မူလထက်တော့ မြန်လာပါမယ်။

စမ်းသုံးချင်သူများ အောက်က လင့်မှာ Download ယူပါလိုက်ကြပါနော်.....!

  www.mediafire.com/Speed up firefox App

စာဖတ်သူအတွက် နှင့် ဘလော့ဂါတွေအတွက် Android apk ပြုလုပ်နည်း

မိတို့လေ့လာနေတဲ့ ၀က်ဆိုဒ်တွေကို ဖုန်းထဲကနေ စောင့်ဖတ်ဖို့ ဆော့ဝဲလေးတစ်ခုလုပ်ပါ

အဲ့ဆော့ဝဲကို ဖုန်းထဲထည့်ထားရင်  အသစ်တင်တိုင်း ကိုယ့်ဖုန်းကနေ အလိုလိုသိမယ်

ဝက်ဆိုဒ်ထဲ  ရှာနေစရာမလိုတော့ပဲ ဖုန်းထဲကနေ အလွယ်တကူ လေ့လာနိုင်ပါတယ်

သတင်းစာဆိုးဒ်တွေလည်း  ကိုယ်ဖတ်ချင်တဲ့ဆိုဒ်  ကိုယ်ထည့်ထား  ဖုန်းကနေဖတ်ဖို့ 

အဆင်ပြေပါလိမ့်မယ် ဘလော့ဂါတွေ စာရေးသူတွေလည်း ကိုယ့်ဝက်ဆိုဒ်ကို ဖုန်းထဲ

အဆင်ပြေပြေ ထည့်ဖို့ အတွက် ဒီစာအုပ်လေး ဖတ်ပြီး လုပ်ကြည့်ပါ အသေးစိတ်လေး

ရေးထားတာမို့ စာဖတ်သူရော ဘလော့ဂါတွေအတွက်ပါ။


Download Mediafire - website များကို ဖုန်းထဲထည့်ဖို့ apk ဆော့ဝဲပြုလုပ်နည်း

Download Minus - website များကို ဖုန်းထဲထည့်ဖို့ apk ဆော့ဝဲပြုလုပ်နည်း

Notification Toggle(for android only)

ဒီ apk လေးကတော့ version အနိမ့်ဖုန်းတွေရဲ့
slide bar မှာ မပါဝင်မရှိသေးတဲ့ feature တော်တော်များများကို ထည့်သွင်းလုပ်ဆောင်
အသုံးပြုစေနိုင်မယ့် Notification Toggle
application လေးပဲဖြစ်ပါတယ်။
file size ကတော့ 752KB ပဲရှိပါတယ်။
သူ့ရဲ့ ပါဝင်တဲ့လုပ်ဆောင်ချက် feature တွေကတော့………
-wifi
-bluetooth
-sound/vibration/menu/5predefined stages
-screen timeout dialog
-wake lock
-rotation
-flight mode
-mobile data အဖွင့်အပိတ်
-NFC
-flashlight(might require teslal LED
-sync&sync now
-wifi &usb-tethering
-music:previous/next/pause
-wifi setting/advanced settings
-bluetooth settings;bluetooth visbillity
-Gps
-mobile data setting
-data usage
-battery
-camera
-next wallpaper(requires wallpaper changer)
-lockscreen(require delayed lock)
-shutdown&reboot(rootလုပ်ထားရန်လိုသည်)
-own apps & shortcuts
တစ်ခြားapplication နဲ့ shortcutတွေကိုလည်း
ထည့်သွင်းအသုံးနိုင်ပါတယ်။
အသုံးလိုသူများ အောက်မှာ ဒေါင်းလုပ်လင့်ခ်တွေ
ပေးထားပါတယ်။မိမိနှစ်သက်အဆင်ပြေရာလင့်ခ်
တွေကနေဒေါင်းယူနိုင်ပါပြီ။
ကလစ်တစ်ချက်နှိပ်လိုက်ယုံနဲ့လွယ်ကူစွာ
ဒေါင်းလုပ်ရရှိနိုင်စေရန်အတွက်
Direct Download လင့်ခ်လည်းတင်ပေးထားပါသေးတယ်ဗျာ။
ကဲ…Ready!
 DIRECT DOWNLOAD(ဒါရိုက်ဒေါင်းလုပ်)
 DOWNLOAD FROM “MEDIAFIRE”.
 DOWNLOAD FROM “BOX”.
 DOWNLOAD FROM “DROPBOX”.
 DOWNLOAD FROM “MC”. 

နွေရာသီဆန်လွန်းတဲ့...

ဘုရားသခင် စီရင်ချမှတ်လိုက်တဲ့
လောကထဲ အဆင်းရဲဆုံးက
ကျွန်တော့်ရဲ့ ကံတရားပါပဲ
လိုချင်မိတဲ့ ချိုမြမြတွေ
ရလာတဲ့အရာ အားလုံး
ခါးသက်သက်
အမှားတွေ ဖက်တွယ်ပြီးရင်းတွယ်နေတဲ့
ဘ၀ထဲမှာ
စွဲမိစွဲရာ လွမ်းမိလွမ်းရာ
ဘယ်အရာကမှ
မြင်ကွင်းထဲ သာသာ ယာယာ ရှိမနေပါ
ရန်သူမျိုး ၄ ပါးကတော့
ဆွေမျိုးရယ်မရှိပါဘူး
၁ ပါးကတော့ ချွင်းချက်ပေါ့နော်
အဲဒီထဲမပါတဲ့
အလွမ်းရန်သူကလဲ
ဘ၀ကို အလှဲထိုးနိုင်တာပါပဲ
ကွဲခဲ့တဲ့ နှလုံးသား
ကိုယ့်အမှားတွပါပဲ
ထားလိုက်ပါတော့
ကိုယ်တိုင်ကလဲ
တောသားမြို့ရောက်သလို
ဘယ်နေရာမှ အထာမကျတော့
ခက်သားပါလား
ယုံကြည်မှုတွေ
နဲနဲချင်းစီ ပဲ့ပဲ့ ကျလာနေတာ
ဘ၀ရဲ့ အောင်မြင်မှု
ဖြစ်လာနိုင်ပါ့မလား
တ၀ါးဝါး တဟားဟား ရယ်မောနေသူတွေကို
မေးကြည့်ချင်မိတယ်
ခင်ဗျားရယ်သံ နှလုံးသားထဲက
တိုက်ရိုက်လာနေတာလားလို့
သေချာစဉ်းစားမိတော့လဲ
သက်ရှိ သတ္တ၀ါထဲ
အမှားမကင်းတာလူပဲရှိတယ်လေ
ဒါဏ်ရာတွေ များတဲ့ သူတွေထဲ
သူများရဲ အနာကိုဆားမပက်မိစေနဲ့
သံယောဇဉ်တွေ
ခပ်ကျဲကျဲ ဖြစ်လာတော့
ချစ်သူရဲ့ မျက်လုံးဟာ
ကျွန်တော့အမြင်ပြောရရင်ဖြစ်
နွေရာသီဆန်လွန်းနေတယ် ။

အရူံးထဲက အလွမ်းကိုမှငါမက်မောခဲ့မိတာပါ


ခဏ ခဏ အရူံးတွေကိုချပြရတော့
ဘ၀က ကျိန်ဆဲတယ် ......
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့
နင်လာရာလမ်းကို ငါမျှော်နေမိတယ်
မလာမှန်းလည်းသိရက်နဲ့စောင့်နေခဲ့မိတာ ငါရူးသွပ်မူတစ်ခုပေါ့
အလွမ်းတွေကို ချနင်းခဲ့တော့
ခဏခဏလည်း လမ်းမှားခဲ့ဖူးတယ်
လူတစ်ကာသတ်မှတ်ထားတဲ့
စကားလုံးအောက်မှာနေသားကျနေခဲ့လို့
သမားရိုးကျဘ၀မှာ
ငါနင့်ကိုလွမ်းခွင့်ပြုပါ.......ကောင်မလေးရယ်
ငါနငိ့ကို ချစ်တယ်
စကားလှလှကြားမှာ ငါ့မာနတွေ ပျောက်ဆုံးခဲ့တယ်
နင်မသိလိုက်တာပါ
နင်ချနင်းသွားတဲ့ ငါ့ မာနတွေကိုပေါ့.....
လှည့်ကြည့်ပါဦး
သုံးစားမရတော့တဲ့ ငါ့ရင်ခွင်ကြီးကိုပေါ့.....
တစ်လှမ်းချင်းလျှောက်လာခဲ့လို့
ဝေးမြဲ ဝေးခဲ့တာလား..?
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့မို့ အရောက်နှေးခဲ့တာပါ
တော်ပါတော့ ထားလိုက်တော့တဲ့
ပိုင်ဆိုင်ဘို့ချစ်ခဲ့တာမဟုတ်ပေမဲ့
စွန့်လွှတ်ဖို့ဆိုတာလည်း ခက်ခဲတယ်
မနေတပ်လို့ လွမ်းရရင်တောင်မှ
ကော်ဖီခါးခါးတစ်ခွက်လိုပေါ့ အလွမ်းတွေကလည်း ခါးမြဲ ခါးနေခဲ့တယ်
ဟိုးတစ်ချိန်ကလေလို့ပြောတိုင်း နင့်အကြောင်းလေးတွေက နိုးထလာတယ်
ခဏလေးပါဆိုပီး နင်ထွက်သွားတာပါ
လက်ပြနှုတ်ဆက်ချိန်တောင်မရဘူး
အမှတ်တမဲ့နဲ့ ခဏလေးအတွင်းမှာ
ခဏခဏ အလွမ်းဆိပ်တွေတက်လာတယ်
ငါမျှော်နေမယ်လို့မပြောပြလည်း
နင်ကြိုသိနေလောက်တယ်လို့ထင်ထားခဲ့မိတာပါ
ကလေးတစ်ယောက်ရဲ့ အတွေးလိုပေါ့
မနက်ဖန်အတွက် ငါဒီနေ့ကတည်းက ပိုလွမ်းနေချင်မိတယ်.....
အလွမ်းက ချပြထားတယ်
ငါ့ဘ၀ရဲ့ထင်ကျန်မဲ့ အလွမ်းပြတိုက်တစ်ခုပေါ့
အစိမ်းရောင်စကားတွေမရှိခဲ့တော့လည်း
ပေါက်ကွဲသံစဉ်တွေက ပျောက်ရှကုန်ခဲ့တယ်
မငိုတပ်တော့လည်း
အံကြိတ်ထားမိတယ် အရူံးရဲ့ ရလာဒ်က မကောင်းပေမဲ့
အရူံးထဲက အလွမ်းကိုမှငါမက်မောခဲ့မိတာပါ.........
ခဏ ခဏ အရူံးတွေကိုချပြရတော့
ဘ၀က ကျိန်ဆဲတယ် ......
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့
နင်လာရာလမ်းကို ငါမျှော်နေမိတယ်
မလာမှန်းလည်းသိရက်နဲ့စောင့်နေခဲ့မိတာ ငါရူးသွပ်မူတစ်ခုပေါ့
          အလွမ်းတွေကို ချနင်းခဲ့တော့
ခဏခဏလည်း လမ်းမှားခဲ့ဖူးတယ်
လူတစ်ကာသတ်မှတ်ထားတဲ့
စကားလုံးအောက်မှာနေသားကျနေခဲ့လို့
သမားရိုးကျဘ၀မှာ
ငါနင့်ကိုလွမ်းခွင့်ပြုပါ.......ကောင်မလေးရယ်
         ငါနငိ့ကို ချစ်တယ်
 စကားလှလှကြားမှာ ငါ့မာနတွေ ပျောက်ဆုံးခဲ့တယ်
နင်မသိလိုက်တာပါ
နင်ချနင်းသွားတဲ့ ငါ့ မာနတွေကိုပေါ့.....
လှည့်ကြည့်ပါဦး
သုံးစားမရတော့တဲ့ ငါ့ရင်ခွင်ကြီးကိုပေါ့.....
          တစ်လှမ်းချင်းလျှောက်လာခဲ့လို့
ဝေးမြဲ ဝေးခဲ့တာလား..?
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့မို့ အရောက်နှေးခဲ့တာပါ
တော်ပါတော့ ထားလိုက်တော့တဲ့
ပိုင်ဆိုင်ဘို့ချစ်ခဲ့တာမဟုတ်ပေမဲ့
စွန့်လွှတ်ဖို့ဆိုတာလည်း ခက်ခဲတယ်
မနေတပ်လို့ လွမ်းရရင်တောင်မှ
ကော်ဖီခါးခါးတစ်ခွက်လိုပေါ့ အလွမ်းတွေကလည်း ခါးမြဲ ခါးနေခဲ့တယ်
          ဟိုးတစ်ချိန်ကလေလို့ပြောတိုင်း နင့်အကြောင်းလေးတွေက နိုးထလာတယ်
ခဏလေးပါဆိုပီး နင်ထွက်သွားတာပါ
လက်ပြနှုတ်ဆက်ချိန်တောင်မရဘူး
အမှတ်တမဲ့နဲ့ ခဏလေးအတွင်းမှာ
ခဏခဏ အလွမ်းဆိပ်တွေတက်လာတယ်
ငါမျှော်နေမယ်လို့မပြောပြလည်း
နင်ကြိုသိနေလောက်တယ်လို့ထင်ထားခဲ့မိတာပါ
               ကလေးတစ်ယောက်ရဲ့ အတွေးလိုပေါ့
မနက်ဖန်အတွက် ငါဒီနေ့ကတည်းက ပိုလွမ်းနေချင်မိတယ်.....
              အလွမ်းက ချပြထားတယ်
ငါ့ဘ၀ရဲ့ထင်ကျန်မဲ့ အလွမ်းပြတိုက်တစ်ခုပေါ့
အစိမ်းရောင်စကားတွေမရှိခဲ့တော့လည်း
ပေါက်ကွဲသံစဉ်တွေက ပျောက်ရှကုန်ခဲ့တယ်
မငိုတပ်တော့လည်း
အံကြိတ်ထားမိတယ် အရူံးရဲ့ ရလာဒ်က မကောင်းပေမဲ့
အရူံးထဲက  အလွမ်းကိုမှငါမက်မောခဲ့မိတာပါ.........

ကံတရားရဲ့ စီမံရာအတိုင်း


ငါတို့နှစ်ယောက်ရဲ့
ဆုံနိုင်ခွင့် ပါမစ်က
ဒီချိန်ထိပဲ သတ်မှတ်ထားလို့
ကျောခိုင်း ကျရတာ
ဘယ်သူတယောက်ရဲ့အမှားမှမပါဘူးလေ ...

ဝေးကွာခြင်းကို ဘယ်လူသားကနှစ်သက်မှာလဲ
ငါကရောနှစ်သက်မယ်ထင်လို့လား
ဒါပေမယ့် ပျော်ရာမနေပဲ
တော်ရာမှာနေကျရတာ
အမှန်တရားမို့
ခုတော့ ...
ငါတို့နှစ်ယောက်က
သူစိမ်းတွေပဲဖြစ်ရတာပေါ့လေ ...

နင်ပျော်အောင်နေပါ စိတ်မကောင်းမဖြစ်ပါနဲ့
ဘဝဆိုတာ
ဒီလိုပါပဲလေ ...
နင့်မျက်ရည်တွေကို
အနားကနေ ဖယ်မရှားပေးနိုင်လို့
တောင်းပန်ပါတယ် ...

ငါ့နှလုံးသားကို နင့်ရင်မှာ
သဂြိုလ်ထားပြီးသားမို့
နင့်အနားမှာ ငါမရှိပေမယ့်
ငါ့စိတ်ဝိဥာဉ်လေးတွေက
ခိုးနားနေမှာ
နင့်ပါးပြင်ထက်မှာ ....။ ။
ကံတရားရဲ့ စီမံရာအတိုင်း
ငါတို့နှစ်ယောက်ရဲ့
ဆုံနိုင်ခွင့် ပါမစ်က
ဒီချိန်ထိပဲ သတ်မှတ်ထားလို့
ကျောခိုင်း ကျရတာ
ဘယ်သူတယောက်ရဲ့အမှားမှမပါဘူးလေ ...

ဝေးကွာခြင်းကို ဘယ်လူသားကနှစ်သက်မှာလဲ
ငါကရောနှစ်သက်မယ်ထင်လို့လား
ဒါပေမယ့် ပျော်ရာမနေပဲ
တော်ရာမှာနေကျရတာ
အမှန်တရားမို့
ခုတော့ ...
ငါတို့နှစ်ယောက်က
သူစိမ်းတွေပဲဖြစ်ရတာပေါ့လေ ...

နင်ပျော်အောင်နေပါ စိတ်မကောင်းမဖြစ်ပါနဲ့
ဘဝဆိုတာ
ဒီလိုပါပဲလေ ...
နင့်မျက်ရည်တွေကို
အနားကနေ ဖယ်မရှားပေးနိုင်လို့
တောင်းပန်ပါတယ် ...

ငါ့နှလုံးသားကို နင့်ရင်မှာ
သဂြိုလ်ထားပြီးသားမို့
နင့်အနားမှာ ငါမရှိပေမယ့်
ငါ့စိတ်ဝိဥာဉ်လေးတွေက
ခိုးနားနေမှာ
နင့်ပါးပြင်ထက်မှာ ....။     ။

လောကဓံ

သူငယ်ချင်း
မျက်ရည်ကျပြီး...ငိုပြလို.လဲ
ကံကြမ္မာက...ငါတို.ကို
သနားမှာ...မဟုတ်ဘူး
ကံကြမ္မာကို...ပြန်ချဖို.
ရန်စစရာလည်း...မလိုဘူး
အလံဖြူပြလို.လဲ...အပိုပဲ
ငါတို.တွေ...ရဲရဲကြီး
ခံပြဖို.ဘဲ...လိုတယ်။
ဒါဏ်ရာ...တစ်ချက်ရရင်
ခေါင်းကို...ပြန်မော.
နောက်တစ်ချက်...အတွက်
အသင့်ပြင်ပါ။
ဒါဆိုရင်...
လောကဓံထဲမှာ
လူသားတစ်ယောက်
မွေးဖွားလာပါပြီ။
                      ဗီဗီ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...


Credit - ကြယ်မင်းတာယာ (21.4.13)

မိခင်မေတ္တာ

ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။ အပျက်အစီးတွေကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ကိုကိုင်းနေတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။ ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေးအလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။ ”လူရှိတယ်။ ကလေး တစ်ယောက်ရှိတယ်၊အသက်ရှင်လျက်ပဲ” လို့ ထအော်လိုက်တယ်။ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး၊ လေးလသားအရွယ်ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။ ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦးက ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်… “သားလေးရေ…တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေအရမ်းချစ်တယ်ဆိုတာကို သေသေချာချာမှတ်ထားပေးပါနော်။”တဲ့။ သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့ မရနိုင်ခဲ့ဘူး။မုချသေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ….သြော်…မိခင်တွေ…မိခင်တွေ…… PS: ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ့ကတရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ..မိခင်မေတ္တာကို ခံစားရတာကြောင့် သူငယ်ချင်းတွေကို share လုပ်ပေးလိုက်တာပါ……… Photo from Rapper Lay မိဘကျေးဇူး မြင့်မိုရ်ဦး
ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။
အပျက်အစီးတွေကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ကိုကိုင်းနေတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။

ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေးအလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။

”လူရှိတယ်။
ကလေး တစ်ယောက်ရှိတယ်၊အသက်ရှင်လျက်ပဲ” လို့

ထအော်လိုက်တယ်။ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး၊ လေးလသားအရွယ်ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။

ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦးက ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို
တွေ့လိုက်ရတယ်…

“သားလေးရေ…တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေအရမ်းချစ်တယ်ဆိုတာကို သေသေချာချာမှတ်ထားပေးပါနော်။”တဲ့။ သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့ မရနိုင်ခဲ့ဘူး။မုချသေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ….သြော်…မိခင်တွေ…မိခင်တွေ……

PS: ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ့ကတရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ

ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ…


ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ…

မင်းကို စိတ်ပူတတ်တဲ့လူမျိုးကိုချစ်ပါ… မင်းကို စိတ်ပူစေတဲ့လူမျိုးကိုမချစ်မိပါစေနဲ့…

မင်းကို ပျော့ညံ့တဲ့ တဖက်ဝန်ခံရဲတဲ့သူကိုချစ်ပါ… ကိုယ့်ကိုယ်ကိုတော်တဲ့ကောင်းတဲ့ တဖက်ကိုဘဲ ပြနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…

မင်းကို လက်တွဲမဲ့ သူကိုချစ်ပါ… နောက်ကျောကိုဘဲ အမြဲမြင်နေရမဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို လက်တွေ့ကျကျပြောနိုင်တဲ့သူကိုချစ်ပါ… လက်တွေ့မကျ အပြောကောင်းတဲ့သူကို မချစ်မိပါစေနဲ့…

မင်းရဲ့နာမည် အစစ်အမှန်သိတဲ့သူကိုချစ်ပါ… ဘေဘီလို့ဘဲ ခေါ်ဖို့သိတဲ့သူကိုမချစ်မိပါစေနဲ့…

ရိုးရှင်းတဲ့ သူတစ်ယောက်ကိုချစ်ပါ… သံယောဇဉ်များတဲ့သူကို မချစ်မိပါစေနဲ့…

သာမန်လူတစ်ယောက်ကိုချစ်ပါ… မီးအလင်းရောင်တွေနဲ့ တောက်ပနေတဲ့သူကိုမချစ်မိပါစေနဲ့…

မင်းစကားပြောတာကို နားထောင်နိုင်တဲ့သူကိုချစ်ပါ… မင်းကို တရားချမဲ့သူကိုမချစ်မိပါစေနဲ့…

ပွင့်လင်းတဲ့သူတစ်ယောက်ကိုချစ်ပါ… မှောင်ရိပ်တဖက်ကျနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…

လိမ်ပြောတာကိုဝန်ခံရဲတဲ့သူကို ချစ်ပါ… ဖြေရှင်းချက်ပေးကောင်းတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ယုံကြည်တဲ့ သူတစ်ယောက်ကိုချစ်ပါ… ကိုယ့်အပေါ်သံသယများတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ဘာလိုလဲလို့မေးတဲ့သူကိုချစ်ပါ… ကိုယ်ဘာလိုချင်တာလို့မင်းကိုပြောတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ဂရုစိုက်နိုင်တဲ့သူကိုချစ်ပါ… ကိုယ်ကနေပြီးကောင်းကောင်းသတိထားရမဲ့သူမျိုးကို မချစ်မိပါစေနဲ့…

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥
ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ…

မင်းကို စိတ်ပူတတ်တဲ့လူမျိုးကိုချစ်ပါ… မင်းကို စိတ်ပူစေတဲ့လူမျိုးကိုမချစ်မိပါ
စေနဲ့…

မင်းကို ပျော့ညံ့တဲ့ တဖက်ဝန်ခံရဲတဲ့သူကိုချစ်ပါ… ကိုယ့်ကိုယ်ကိုတော်တဲ့ကောင်းတဲ့ တဖက်ကိုဘဲ ပြနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…

မင်းကို လက်တွဲမဲ့ သူကိုချစ်ပါ… နောက်ကျောကိုဘဲ အမြဲမြင်နေရမဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို လက်တွေ့ကျကျပြောနိုင်တဲ့သူကိုချစ်ပါ… လက်တွေ့မကျ အပြောကောင်းတဲ့သူကို မချစ်မိပါစေနဲ့…

မင်းရဲ့နာမည် အစစ်အမှန်သိတဲ့သူကိုချစ်ပါ… ဘေဘီလို့ဘဲ ခေါ်ဖို့သိတဲ့သူကိုမချစ်မိပါစေနဲ့…

ရိုးရှင်းတဲ့ သူတစ်ယောက်ကိုချစ်ပါ… သံယောဇဉ်များတဲ့သူကို မချစ်မိပါစေနဲ့…

သာမန်လူတစ်ယောက်ကိုချစ်ပါ… မီးအလင်းရောင်တွေနဲ့ တောက်ပနေတဲ့သူကိုမချစ်မိပါစေနဲ့

မင်းစကားပြောတာကို နားထောင်နိုင်တဲ့သူကိုချစ်ပါ… မင်းကို တရားချမဲ့သူကိုမချစ်မိပါစေနဲ့…

ပွင့်လင်းတဲ့သူတစ်ယောက်ကိုချစ်ပါ… မှောင်ရိပ်တဖက်ကျနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…

လိမ်ပြောတာကိုဝန်ခံရဲတဲ့သူကို ချစ်ပါ… ဖြေရှင်းချက်ပေးကောင်းတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ယုံကြည်တဲ့ သူတစ်ယောက်ကိုချစ်ပါ… ကိုယ့်အပေါ်သံသယများတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ဘာလိုလဲလို့မေးတဲ့သူကိုချစ်ပါ… ကိုယ်ဘာလိုချင်တာလို့မင်းကိုပြောတဲ့သူကို မချစ်မိပါစေနဲ့…

မင်းကို ဂရုစိုက်နိုင်တဲ့သူကိုချစ်ပါ… ကိုယ်ကနေပြီးကောင်းကောင်းသတိထားရမဲ့သူမျိုးကို မချစ်မိပါစေနဲ့…