25 April 2013

နွေရာသီဆန်လွန်းတဲ့...

ဘုရားသခင် စီရင်ချမှတ်လိုက်တဲ့
လောကထဲ အဆင်းရဲဆုံးက
ကျွန်တော့်ရဲ့ ကံတရားပါပဲ
လိုချင်မိတဲ့ ချိုမြမြတွေ
ရလာတဲ့အရာ အားလုံး
ခါးသက်သက်
အမှားတွေ ဖက်တွယ်ပြီးရင်းတွယ်နေတဲ့
ဘ၀ထဲမှာ
စွဲမိစွဲရာ လွမ်းမိလွမ်းရာ
ဘယ်အရာကမှ
မြင်ကွင်းထဲ သာသာ ယာယာ ရှိမနေပါ
ရန်သူမျိုး ၄ ပါးကတော့
ဆွေမျိုးရယ်မရှိပါဘူး
၁ ပါးကတော့ ချွင်းချက်ပေါ့နော်
အဲဒီထဲမပါတဲ့
အလွမ်းရန်သူကလဲ
ဘ၀ကို အလှဲထိုးနိုင်တာပါပဲ
ကွဲခဲ့တဲ့ နှလုံးသား
ကိုယ့်အမှားတွပါပဲ
ထားလိုက်ပါတော့
ကိုယ်တိုင်ကလဲ
တောသားမြို့ရောက်သလို
ဘယ်နေရာမှ အထာမကျတော့
ခက်သားပါလား
ယုံကြည်မှုတွေ
နဲနဲချင်းစီ ပဲ့ပဲ့ ကျလာနေတာ
ဘ၀ရဲ့ အောင်မြင်မှု
ဖြစ်လာနိုင်ပါ့မလား
တ၀ါးဝါး တဟားဟား ရယ်မောနေသူတွေကို
မေးကြည့်ချင်မိတယ်
ခင်ဗျားရယ်သံ နှလုံးသားထဲက
တိုက်ရိုက်လာနေတာလားလို့
သေချာစဉ်းစားမိတော့လဲ
သက်ရှိ သတ္တ၀ါထဲ
အမှားမကင်းတာလူပဲရှိတယ်လေ
ဒါဏ်ရာတွေ များတဲ့ သူတွေထဲ
သူများရဲ အနာကိုဆားမပက်မိစေနဲ့
သံယောဇဉ်တွေ
ခပ်ကျဲကျဲ ဖြစ်လာတော့
ချစ်သူရဲ့ မျက်လုံးဟာ
ကျွန်တော့အမြင်ပြောရရင်ဖြစ်
နွေရာသီဆန်လွန်းနေတယ် ။

No comments:

Post a Comment